Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခင်တစ်ပတ်နှင့်ယခုတစ်ပတ် နှိုင်းယှဉ်မှုများ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ် တစ်တင်းလျှင် နှမ်းဖြူ (၇၅၀၀၀-၈၅၀၀၀)ကျပ်၊နှမ်းနက် (၇၂၀၀၀-၈၀၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၁၅၀၀ -၇၃၀၀၀) ကျပ်ရှိပြီး ယခင်တစ်ပတ်ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၈၀၀၀၀-၈၇၀၀၀)၊ နှမ်းနက် တစ်တင်းလျှင်(၇၅၀၀၀- ၈၅၀၀၀) ကျပ်၊ နှမ်းညို တစ်တင်းလျှင် (၇၄၀၀၀) ကျပ်ပေါက်ဈေးရှိပြီး  ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်နှိုင်းယှဉ်ပါက မိုးနှမ်းများဈေးကွက်အတွင်း ဝင်ရောက် လာပါသဖြင့် ဈေးများကျဆင်းလာကြောင်းသိရပါသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၅၀၅၀မှ ၅၁၇၅)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၄၉၀၀)ကျပ်ရှိပြီး ယခင်တစ် ပတ်ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၅၂၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၄၉၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ ယခုတစ်ပတ်နှင့် ယခင်ကာလ တူနှိုင်းယှဉ်ပါက မြေပဲဆီဆန်ဖြူ ဈေးငြိမ်နေပြီး လုံးဆံဖြူပေါက်ဈေးနှုန်းမှာ အနည်းငယ်ကျဆင်းသွားကြောင်းသိရပါသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News